Sunday, February 1, 2015

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

တနင်္သာရီ ဖေဖော်ဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁)ရက် နံနက်(၉)နာရီက မြိတ်မြို့ အထက(၁)ကျောင်း၌ ကျင်းပခဲ့သည်။


အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၂၅)ဦးက ပင်လုံညီလာခံနှင့်ပြည်ထောင်စုစိတ်ဓါတ်ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြပြီး အခြေခံပညာအလယ်တန်းအဆင့်တွင် စည်းလုံညီညာအောင်ကြောင်းဖြာ ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၅)ဦးက ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြသည်။
 အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပြည်ထောင်စုနေ့ခေါင်းစဉ်ဖြင့် မူလတန်း ကလေးငယ်(၁၂)ဦးက ဝင်ရောက်ရေးဆွဲယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးဌေးလွင်နှင့် တာဝန်ရှိသူများက ကျောင်းသူကျောင်းသားများ ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


No comments:

Post a Comment