နေပြည်တော် ဖေဖော်ဝါရီ ၎
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတနိုင်ငံ ဘူဆန်မြို့ရှိ မြန်မာ
ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် မစ္စတာ ဝမ်ဘာဒမ် ဦးဆောင်သည့် စီးပွားရေး ခေါင်းဆောင်များ
အဖွဲ့အား ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌
လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
ဦးစိုးသိန်း၊ ဦးဇေယျာအောင်၊ ဦးမောင်မြင့်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊
မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment