နေပြည်တော် ဖေဖော်ဝါရီ ၎
ရန်အောင်မြင်
သာသနာ့လင်္ကာရ အကျော် စာတော်ပြန်ပွဲ စာအောင် သာမဏေများအား စာအောင်လက်မှတ် ဆက်ကပ်
ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် လယ်ဝေးမြို့ရှိ
ရန်အောင်မြင်ဘုရား၌ ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို
ဖွင့်လှစ်ပြီး ပေါက်မြိုင် ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတအရှင်
ဘဒ္ဒန္တဇနိန္ဒထံမှ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ထို့နောက်
ပျဉ်းမနားမြို့ မဟာဝိသုဒ္ဒါရာမ ဈေးကုန်း ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်
နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အရှင်ဘဒ္ဒန္တ ကဝိသာရမှ သြဝါဒကထာ
မြွက်ကြားသည်။
ယင်းနောက်
ဆရာတော်များနှင့် တတိယ အဆင့်အောင် သာမဏေ ၁ဝ ပါး၊ ဒုတိယ အဆင့်အောင် သာမဏေ ၂၄
ပါးတို့အား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် စာအောင် လက်မှတ်များ
ဆက်ကပ် လှူဒါန်းကြပြီး ရန်အောင်မြင် သာသနာ့ လင်္ကာရအကျော် စာတော်ပြန်ပွဲ နှစ်စဉ် ကျင်းပနိုင်ရေး
အတွက် အလှူရှင်များက ငွေပဒေသာပင် စိုက်ထူလှူဒါန်းရာ ဒုတိယဝန်ကြီးနှင့်
တာဝန်ရှိသူများက လက်ခံရယူပြီး လှူဒါန်းမှု အစုအစုအတွက် ရေစက်သွန်းချ အမျှဝေကြသည်။
ထို့နောက်
အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုကာ ရုပ်သိမ်းလိုက်သည်။
No comments:
Post a Comment