ရန်ကုန် ဧပြီ ၂၅
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၇)ကြိမ်မြောက်
အရှေ့ တောင်အာရှလူငယ် ချန်ပီယံရှစ် ပြေးခုန်ပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်
အတွက် မြန်မာပြေးခုန်ပစ်အဖွဲ့သည် လေ့ကျင့်ပြင်ဆင်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲကို ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေပြည်တော်ရှိ
ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ကျင်းပသွား မည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်း အပါအဝင် နိုင်ငံခုနစ်နိုင်ငံမှ
အားကစားသမား ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်သည်။ အိမ်ရှင်မြန်မာအသင်းသည် ကစားသမား
၆၀ ကျော်ဖြင့် အင်အားအများဆုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်မှုရရှိရန်
ရည်မှန်း ထားကြောင်း သိရသည်။ မြန်မာလူငယ် ပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင်ပွဲကို ၂၀၁၃
ခုနှစ်မှလွဲ၍ နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ကြောင်းသိရှိရသည်။
No comments:
Post a Comment