ကျောက်ဖြူ ဧပြီ ၂၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်းရှိ ကျေးရွာအများစုသည် နွေရာသီ၌ ရေရှားပါးမှုနှင့်
အမြဲကြုံတွေ့ရ လေ့ရှိသည်။ ကျေးရွာများရှိ ရေတွင်း၊ ရေကန်များမှာ တိုးပွားများပြားလာသော
လူဦးရေနှင့် လုံလောက်မှု မရှိဘဲ နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့် အမြဲတွေ့နေရပြီး
ကျေးလက်ဒေသ ပြည်သူများ အနေဖြင့် အခက်အခဲများစွာ ဖြစ်လေ့ရှိသည်။
ယခုအခါ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ
ကျောက်ဖြူမြို့တွင် ကြီးကြပ်ရေးမျူးရုံးဖွင့်ပြီး စက်ယန္တရားများဖြင့် ကျေးလက်ဒေသများတွင်
ရေကန်များ ပြုလုပ်တူးဖော်ပေးနေ သဖြင့် ကျေးလက်ဒေသနေ ပြည်သူများ ရေအတွက် ဝမ်းမြောက်ဝမ်းသာ
ဖြစ်လျက်ရှိသည်။ ဧပြီ ၂၃ ရက်က ကျောက်ဖြူမြို့နယ် ကန္ဒီးကျေးရွာအုပ်စုရှိ နှမ်းဖွဲတောင်ရွာနှင့်
မီးကျောင်းတက်ရွာများတွင် စက် ယန္တရားများဖြင့် ကန်တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ အခြားကျေးရွာများတွင် ကန်များ တူးဖော်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment