နေပြည်တော် ဧပြီ - ၂၆
နေပြည်တော်ကောင်စီနယ်မြေ၊လယ်ဝေးမြို့နယ် ဖောင်တော်ချက်မ
ဘုရားရေကန်တွင် အပူချိန်မြင့်မားမှုကြောင့် ဧပြီ(၂၄)ရက်နေ့က ရေကန်အတွင်းရှိငါးများ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါ
ရေကန်အတွင်းရှိ ငါးအသေများကို ဆယ်ယူ၍ အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်း လုပ် ငန်းများကို
ဧပြီ(၂၅) ရက်နေ့တွင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများ ပူးပါင်း၍ဆောင်ရွက်ခဲ့ကြပြီး
ယခုအခါ ဖောင်တော်ချက်မ ရေကန်အတွင်းသို့ သန့်ရှင်းသည့်ရေများဖြင့် လဲလှယ်ဖြည့်ဆည်းပေးလျက်
ရှိကြောင်း သိရသည်။ ထို့အပြင် ကဆုန် ညောင်ရေသွန်းပွဲတော် နီးကပ်လာပြီဖြစ်သဖြင့် ရေကန်
သန့်ရှင်းရေးနှင့် ဖောင်တော်ချက်မစေတီတော် ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
No comments:
Post a Comment