နေပြည်တော် နိုဝင်ဘာ ၇
ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ကွင်းအမှတ်(၁၆၅၄)ရှိ တောင်သူဦးဘိုဘိုဟန်၏ မိုးစပါးရိတ်သိမ်းပြီး ကောက်ရိုးများကို အယ်လ်နီညိုကာလအတွင်း တိရစ္ဆာန်အစားအစာအဖြစ် ကြိုတင်စုဆောင်းရန် ကောက်ရိုးထုံးအဖြစ် ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း သွားရောက်ကြည့်ရှုအားပေးသည်။
ထို့အတူပျဉ်းမနားမြို့နယ် တပ်ပိုးကျေးရွာရှိ ဦးသိန်းဆိုင်၏ နို့စားနွားမွေးမြူရေးခြံကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ စမ်းဝတီသမဝါယမအသင်းပိုင် နို့စားနွားမွေးမြူရေးခြံ၏ မွေးမြူရေးလုပ်ငန်းများ၊ အစာကျွေးမွေးမှုနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာများ၊ နို့နှင့် နို့အခြေခံစားသောက်ကုန်ထုတ်လုပ်မှုများကို လည်းကောင်း ကြည့်ရှုအားပေးသည်။
ထိုသို့ သွားရောက်စဉ် သက်ဆိုင်ရာတောင်သူများ၊ ခြံတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒုတိယဝန်ကြီးက အယ်လ်နီညိုကာလအတွင်း မွေးမြူရေးကဏ္ဍအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သည့် ရေနှင့်အစာကြိုတင်စီမံရေး၊ ရောဂါ ကြိုတင်ကာကွယ်ရေး၊ အပူဒဏ်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်မှု ပြင်ဆင်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8.jpg)
No comments:
Post a Comment