နေပြည်တော် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နှင့် ရပ်စောက်မြို့တို့တွင် နိုဝင်ဘာ ၉ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်၊ ချောင်းများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည်။
ကူညီဆောင်ရွက်
ထို့သို့
ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ရွှေညောင်မြို့ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊
ရွှေဘုံသာရပ်ကွက်၊ ရတနာရပ်ကွက်၊ သုခချမ်းသာရပ်ကွက်၊ မင်္ဂလာအောင်မြေရပ်ကွက်နှင့်
လှိုင်ဘုံသာရပ်ကွက်တို့ရှိ ဒေသခံပြည်သူများအား ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းနှင့်
ဇေယျာသီရိဓမ္မာရုံသို့လည်းကောင်း၊ ညောင်ရွှေမြို့ကန်သာယာ (၈) ရပ်ကွက်ရှိ ဒေသခံပြည်သူများအား
မြို့လယ်ဓမ္မာရုံသို့လည်းကောင်း၊ ရပ်စောက်မြို့ ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်တို့ရှိ
ဒေသခံပြည်သူများအား ရပ်စောက်မြို့ မိုးလုံလေလုံအားကစားခန်းမနှင့် ဇော်ဂျီကွေ့ဓမ္မာရုံသို့လည်းကောင်း
ယာယီရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် ကူညီရွှေ့ပြောင်းပေးခြင်း၊
စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်
အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊
ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ
အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ
ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နှင့် မောက်မယ်မြို့တို့တွင်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြို့ပေါ်ရပ်ကွက်များမှ
ဒေသခံပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့ ယာယီရွှေ့ပြောင်း နေထိုင်နိုင်ရေးအတွက်
ကူညီရွှေ့ပြောင်းပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးခြင်းတို့ကို တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊
ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့
ဆောင်ရွက်ပေးနေမှုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်နိုင်ဦးနှင့်
တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများ
ယာယီနေထိုင်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment