Monday, October 19, 2026

အိန္ဒိယ-မြန်မာတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ကစားရန် မြန်မာ့တပ်မတော်ဘောလုံးအဖွဲ့ထွက်ခွာ

 


နေပြည်တော် အောက်တိုဘာ ၁၈

အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အိန္ဒိယ-မြန်မာတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး​ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သိန်းနိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးဘောလုံးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှထွက်ခွာကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ကြသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေးဘောလုံးအဖွဲ့တွင် အုပ်ချုပ်သူများ၊ နည်းပြများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ စုစုပေါင်း ၃၀ လိုက်ပါသွားပြီး အိန္ဒိယတပ်မတော်မှ ​ဘောလုံးအသင်းတို့နှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများကို အောက်တိုဘာ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment