နေပြည်တော် အောက်တိုဘာ ၂၀
အမျိုးသမီးတစ်ဦးကို ကိုရီးယားနိုင်ငံသားဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်ပြီး တိမ်းရှောင်တရားခံ အေးအေးဝင်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် မြရတနာ (၅) လမ်းနေ အမျိုးသမီးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ထီးတန်းရပ်ကွက် ထီးတန်းကမ်းနားလမ်းနေ သိမ့်သိမ့်နွေးနှင့် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဝဇီရာ (၆) လမ်းနေ အေးအေးဝင်းတို့က ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းပါက တင်တောင်းငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ လစဉ်ထောက်ပံ့ကြေးရရှိရေးနှင့် ကိုရီးယားနိုင်ငံ၌ မိသားစုများ အလုပ်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ဆောင်ရွက်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၆) လူကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ ကြည့်မြင်တိုင်မြို့နယ် ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ) ၁၀၈/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက်တွင် အလုံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သိမ့်သိမ့်နွေးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးအေးဝင်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment