နေပြည်တော် အောက်တိုဘာ ၂၃
အပြည်ပြည်ဆိုင်ရာ အထူးစီးပွားရေးဇုန်ကွန်ဖရင့် – ၂၀၂၆ ကို အောက်တိုဘာ ၂၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အဆိုပါကွန်ဖရင့်သို့ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အစိုးရအရာရှိကြီးများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြို့ ၅၈ မြို့မှ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ၉၀၀ ခန့် တက်ရောက်ခဲ့သည်။
ရှင်းလင်းဖြေကြား
ကွန်ဖရင့်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို တင်ပြဆွေးနွေးပြီး တင်ပြဆွေးနွေးချက်များအပေါ် ကွန်ဖရင့်တက်ရောက်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment