မခင်ချမ်းမြေ့ကောင်း
၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ဒုတိယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည် -
မခင်ချမ်းမြေ့ကောင်း၊ (အခြေခံပညာ ၁၅-၂၀)
အတီး(စန္ဒရား)ပြိုင်ပွဲဝင်
ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု
ကျွန်မကတော့ စန္ဒရားပညာနဲ့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
အရင်ကတော့ စောင်းနဲ့ ဗဟိုအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးပါတယ်။ ဆုရရှိဖူးတာတော့မရှိပါဘူး။
ဒါပေမယ့်လည်း လုံးဝလက်မလျှော့ဘဲ ကြိုးစားနေမှာပါ။ အနုပညာမျိုးရိုးကတော့မရှိပါဘူး။ ညီမအနေနဲ့အနုပညာကို
ဝါသနာပါတာကြောင့်ပါ။ အခုလို ပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက်ကြောင့် လူငယ်တွေ၊ ဝါသနာရှင်တွေ
အနေနဲ့ ခေတ်ဟောင်းသီချင်းတွေကို ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက်ကြောင့် ခေတ်ဟောင်းသံစဉ်တွေကို
ဒီခေတ်မှာပိုပြီးတော့ပေါ်လွင်အောင် ပြတယ်လို့မြင်ပါတယ်။ အနာဂတ်မျိုးဆက်သစ်တွေအတွက်လည်း
ကိုယ်တတ်ကျွမ်းသမျှပညာရပ်တွေအားလုံးကို ပြန်ပြီးတော့ ပြည့်ပြည့် စုံစုံ မျှဝေပေးသွားမှာ။
မောင်ဟိန်းသုတ၊ (အခြေခံပညာ ၁၀-၁၅)
အတီး(စန္ဒရား)ပြိုင်ပွဲဝင်
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
ကျွန်တော်အသက်ရှစ်နှစ်မှာ အဖေက စန္ဒရားပညာကို
ဦးစွာသင်ပေးပါတယ်။ လတ်တလောမှာတော့ ဆရာဦးတင်ဝမ်း၊ ဆရာ ဦးသော်ဇင်၊ ဆရာဦးအောင်သက်ပိုင်မိုးတို့က
သင်ပေးပါတယ်။ အခု (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ဖို့
ကျောင်းစဖွင့်တဲ့ဇွန်လကတည်းက လေ့ကျင့်ပြင်ဆင် ခဲ့တာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီး
ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ သုံးကြိမ်ရှိသွားပါပြီ။ အရင်က ယှဉ်ပြိုင်ခဲ့တဲ့
ပြိုင်ပွဲတွေမှာတော့မှားယွင်းစွာ တီးခတ်မိတဲ့အတွက် ဆုတံဆိပ်နဲ့လွဲခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့
အားရကျေနပ်မှုရှိခဲ့ပါတယ်။ အခုလိုပြိုင်ပွဲတွေဟာ ကျွန်တော်တို့လူငယ် တွေအတွက် မြန်မာ့ရိုးရာဂီတနဲ့
အနုပညာကိုမြတ်နိုးတဲ့စိတ်တွေ၊ ဇွဲနပဲကြီးစွာနဲ့ သီချင်းတွေကို ကြိုးစားတီးခတ်ရတဲ့ အတွက်
စိတ်ဓာတ်ကိုလည်း ခိုင်မာစေပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက်အများကြီးဝမ်းသာ
ပါတယ်။ ကျွန်တော်တို့လို အနုပညာကို ဝါသနာပါတဲ့ လူငယ်တွေအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အမွေအနှစ် တွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာတွေ၊ ဘယ်လောက်တန်ဖိုး ရှိလဲဆိုတာတွေ
သိလာ ရပါတယ်။
မစန်းစန်းသိန်း (အဆင့်မြင့်ပညာ၊ အက)
ကျွန်မက မွန်ပြည်နယ်ကို ကိုယ်စားပြုယှဉ်ပြိုင်မှာ
ဖြစ်ပါတယ်။ မနှစ်ကလည်း ဆုမရတဲ့အတွက် ဒီနှစ်ကိုတော့ အများကြီးပြင်ဆင်ခဲ့ပါတယ်။ အခုယှဉ်ပြိုင်ပြီးတဲ့အပေါ်မှာလည်း
ကျေနပ်အားရမှုရှိပါတယ်။ နောက်နှစ် ကတော့ မပြိုင်ဖြစ်တော့ပါဘူး။ သူနာပြုအလုပ်နဲ့ နိုင်ငံ့ဝန်ထမ်းလုပ်တော့မှာကြောင့်ပါ။
အခုလို တိုင်းရင်းသား အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် အများကြီး
ပျော်ခဲ့ရပါ တယ်။
မဖူးနန္ဒာကို၊ (အခြေခံပညာ ၁၀-၁၅) အတီး(စန္ဒရား)
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
ကျွန်မက မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုပြီး
ဗဟိုအဆင့်မှာ တတိယအကြိမ် လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကြိမ်က တတိယဆုတွေပဲရခဲ့ပါတယ်။
ဒီနှစ်အတွက် ရွှေတံဆိပ်ရအောင် အများကြီး ပြင်ဆင်ခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း လာရောက်ယှဉ်ပြိုင်မှာ
ဖြစ်ပါတယ်။ ပြိုင်ဖြစ်ရင်တော့ အဆိုဘာသာရပ်နဲ့ ယှဉ်ပြိုင်မယ်လို့ စိတ်ကူးထားပါတယ်။
မသွန်းထက်ထက်နှင်း၊ (အခြေခံပညာ ၁၀-၁၅)
အတီး(တယော)
တယောပညာကို အသက်ခုနစ်နှစ်ကတည်းကစပြီး
လေ့လာသင်ယူခဲ့ပါတယ်။ ကျွန်မဘိုးဘိုးရဲ့ အမွေကို ဆက်ခံပြီး တယောပညာကို လေ့လာသင်ယူတာဖြစ်ပါတယ်။
ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင် ပွဲကြီးကို ပထမဆုံးအကြိမ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ
ဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် သီချင်းသုံးပုဒ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့အထိ လေ့ကျင့်ပြင်ဆင်ထားပါတယ်။
အမှားတွေအများကြီးပါမှာလည်း ကြောက်ပါတယ်။ တခြားတူရိယာဖြစ်တဲ့ စန္ဒရားပညာကိုလည်း လေ့လာသင်ယူနေပါတယ်။
ပြိုင်ပွဲကြီးကျင်းပပေးတဲ့ နိုင်ငံတော် အကြီးအကဲ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
မောင်စည်သူ၊ (အခြေခံပညာ ၁၀-၁၅) အတီး(ပလွေ)
စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု
ကျွန်တော့်အနေနဲ့ အနုပညာကိုချစ်တယ်။ မြတ်နိုးတယ်။
ဘာလို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အခုလက်ရှိမှာ ဆိုင်းဝိုင်းအဖွဲ့နဲ့ လိုက်ပြီး
အသက်မွေးဝမ်းပြုနေပါတယ်။ အခုလို မြန်မာ့ရိုးရာယဉ်ကျေးမှု တွေကို ထိန်းသိမ်းတဲ့အနေနဲ့
နိုင်ငံတော်အကြီးအကဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြိုင်ပွဲကြီးကျင်းပပေး နေတဲ့အခါ
ကျွန်တော်တို့လို လူငယ်မျိုးဆက်သစ်တွေက ပိုပြီးမြတ်နိုးတန်ဖိုးထားတတ်ရပါမယ်။ ပြိုင်ပွဲဝင်
တွေအနေနဲ့ ဆုတံဆိပ်ရခြင်း၊ မရခြင်းကို ပဓာနမထားဘဲ ကိုယ့်ရိုးရာကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အမွေအနှစ်
တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းခွင့်ရတယ်လို့ပဲခံယူပြီး တန်ဖိုးထားရပါမယ်။ အားလုံးကို
ကျေးဇူးတင် ပါတယ်။
ဟိန်းဇော်မင်း






No comments:
Post a Comment