နေပြည်တော် အောက်တိုဘာ ၅
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်
အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က
ဖတ်ကြားသည်။
ထို့အတူ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့လေးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက
ပေးပို့သော စုပေါင်းသဝဏ်လွှာကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမေစန်းရီက
ဖတ်ကြားသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာများအားလည်းကောင်း၊
ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်
စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌
စံပြဆုရရှိခဲ့သည့် ဆရာ ဆရာမ၊ ဝန်ထမ်းများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ကြသည်။
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို နှစ်စဉ် အောက်တိုဘာ ၅ ရက်တွင်
ကမ္ဘာ့နိုင်ငံများ၌ ကျင်းပကြပြီး ယနေ့ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ဂုဏ်ထူးဆောင်
ဆရာကြီး ဆရာမကြီး ၁၀ ဦး၊ ထူးချွန်ဆုရရှိသူ ဆရာ ဆရာမ ငါးဦး အပါအဝင် ဂုဏ်ပြုဆုရရှိသူ
ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၆ ဦးတို့အား ဆုချီးမြှင့်ခဲ့ကြောင်း
သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊
တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ရန်ကုန်တက္ကသိုလ် CRI တွင် ကျင်းပသော Area Studies
Centre ဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊
တရုတ်နှင့် ကိုရီးယားသံရုံးများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့်
ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ
Area Studies Centre အတွင်း ကြည့်ရှုအားပေးကာ အဆိုပါ အဆောက်အအုံခန်းမတွင်
ကျင်းပသည့် China Studies Conference 2026 ကို တက်ရောက် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲသို့
သွားရောက်၍ ယခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် Online Booking စနစ်ဖြင့် အမှတ်စာရင်းများ၊ အောင်လက်မှတ်များ
စနစ်တကျ ထုတ်ပေးနေမှုနှင့် စာမေးပွဲဆိုင်ရာ မှတ်တမ်းများ ထိန်းသိမ်းထားရှိမှုတို့ကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment