မေး။ ။ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ဟာ ကုန်းတွင်းပိုင်းအာဆီယံနိုင်ငံ ၄ နိုင်ငံအပြီးမှာ ပထမဆုံးပင်လယ်ပိုင်း အာဆီယံနိုင်ငံအဖြစ် သွားရောက်ခဲ့တဲ့ မလေးရှားခရီးစဉ်ရဲ့ ထူးခြားတဲ့ အောင်မြင်မှုတွေကို သိပါရစေ။
ဖြေ။ ။ အခုခရီးစဉ်က နိုင်ငံတော်သမ္မတကြီးရဲ့ ကိုးနိုင်ငံမြောက် ခရီးစဉ်ဖြစ်ပါတယ်။ အာဆီယံထဲမှာဆိုရင် ငါးနိုင်ငံမြောက်ပါ။ ပင်လယ်ပိုင်းဆိုရင် မလေးရှားနိုင်ငံက ပထမဦးဆုံး နိုင်ငံဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ပါတယ်။ နောက်တစ်ခါ High-level Business Forum ၊ Business Dialogue ပွဲလုပ်ခဲ့ပါတယ်။ ထူးခြားတာက နှစ်ဖက်နိုင်ငံရဲ့ Think Tank တွေရဲ့ Business Cooperation Dialogue ပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ဆွေးနွေးခဲ့တဲ့ အဓိကအကြောင်းအရာတွေက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ခါ မလေးရှားနိုင်ငံမှာ အကျဉ်းကျနေပြီးတော့ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတွေ၊ အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့အတွက်ကို ဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက လုပ်သားတွေ အကြမ်းဖျင်းအားဖြင့်တော့ official statistics အရ တစ်သိန်းခြောက်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ တရားမဝင်သွားရောက်ခဲ့တဲ့ အရေအတွက်လည်း ရှိမှာပါ။ မြန်မာနိုင်ငံသားတွေ ဟိုမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့၊ တရားဝင်နေထိုင်ခွင့်တွေ ရရှိဖို့၊ သူတို့ရဲ့ လုပ်သားအခွင့်အရေးတွေ ရရှိဖို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ ဒါကကျွန်မတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ တွေပါ။ နောက်တစ်ခါ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးနဲ့ အာဆီယံကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။
ခုနက မေးခွန်းက ဘယ်ဟာကို အားရအကျေနပ်ဆုံးလဲဆိုပြီး မေးလိုက်တယ်။ အဲဒီတော့ အားရအကျေနပ်ဆုံးဆိုတဲ့ အနေအထားထက် ဒီခရီးစဉ်ကြီးတစ်ခုလုံးကို ခြုံပြီးပြောမယ်ဆိုရင် မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အချိန်မှာ ကျွန်မတို့နိုင်ငံက နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ချက်တွေကိုလည်း လုံးဝ appreciate လုပ်ပါတယ်။ ကျွန်မတို့နိုင်ငံသားတွေ ပြန်ခေါ်ဖို့ကိစ္စ၊ သူကဘာပြောလဲဆိုတော့ ကျန်တဲ့နိုင်ငံတွေက ဒီလိုလူအများကြီး ပြန်ခေါ်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုးမရှိပါဘူး။ ကျွန်မတို့နိုင်ငံကသာလျှင် ကိုယ့်မြန်မာနိုင်ငံသားတွေကို လှိုက်လှိုက်လှဲလှဲနဲ့ ပြန်ခေါ်တယ်။ အဲဒီအတွက်ကို ကျေးဇူးတင်ပါတယ်။ appreciate လုပ်ပါတယ်ဆိုတဲ့ ကိစ္စတွေ ဒါတွေဟာ ကျွန်မတို့နိုင်ငံအတွက် ဝမ်းသာကျေနပ်စရာတွေပါ။
နောက်တစ်ချက်ကတော့ အာဆီယံနဲ့ပတ်သက်ပြီး အာဆီယံမှာ ကျွန်မတို့ မြန်မာနိုင်ငံက မရှိမဖြစ်ပါဝင်ဖို့ လိုအပ်ပါတယ်။ မလေးရှားနိုင်ငံအတွက် မြန်မာနိုင်ငံက အင်မတန်အရေးကြီးတဲ့ နိုင်ငံဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ထိတွေ့မှုတွေယူမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ယူမယ်။ ပိုပြီးတော့မှ ရင်းနှီးမှုချစ်ခင်မှုကို တည်ဆောက်သွားမယ်ဆိုတဲ့ ပြောကြားချက်တွေ press မှာလည်း ထုတ်ပြန်ပြီးသားပါ။ ဒါတွေက ဝမ်းသာကျေနပ်ဖို့ ကောင်းပါတယ်။ နောက်ဆုံးအချက်ကတော့ မလေးရှားနဲ့ မြန်မာ bilateral ရှေ့ဆက်ပြီးတော့ အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး နှစ်ဖက်သဘောတူညီခဲ့တဲ့ကိစ္စတွေက ကျွန်မတို့နိုင်ငံအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ပါတယ်။
မေး။ ။ မလေးရှားနိုင်ငံကို သွားတဲ့အခါမှာ ဘယ်လိုစိုးရိမ်စိတ်တွေ ရှိခဲ့လဲဆိုတာ သိပါရစေ။
ဖြေ။ ။ ကျွန်မတို့ မလေးရှားနိုင်ငံ မသွားခင်၊ သွားမယ်လို့ ပြင်ဆင်တဲ့အချိန်မှာ စိုးရိမ်ပူပန်စိတ်တော့ မဟုတ်ဘူး။ Curious feeling လေးပါ။ ဘယ်လိုများ ကြုံတွေ့ရမလဲ၊ ဘာတွေ ဆွေးနွေးကြ မလဲဆိုတဲ့ feeling လေး ရှိပါတယ်။ သို့သော်လည်း မလေးရှားနိုင်ငံကို ရောက်သွားတဲ့ အချိန်ကစပြီးတော့မှ မလေးရှားက တကယ့်ကို လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ မိသားစုကိုကြိုဆိုတဲ့ ပုံစံမျိုးကြိုဆိုမှု၊ နောက်တစ်ခါ တကယ့်ခမ်းခမ်းနားနား ကြိုဆိုမှုတွေ၊ အစိုးရအဖွဲ့ဝင်တွေတင် မဟုတ်ဘူး၊ ကလေးတွေ၊ ပြည်သူတွေ ကြိုဆိုမှုတွေကလည်း ကျွန်မတို့ကို တကယ့်ကို နွေးထွေးစေပါတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မလေးရှားနဲ့ ကျွန်မတို့ နိုင်ငံက အရင်တည်းက ချစ်ကြည်ရင်းနှီးမှု ရှိပြီးသားပါ။ သို့သော်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မတို့ရဲ့ ရင်းနှီးမှု ချစ်ကြည်မှုတွေ၊ ဆက်ဆံရေးတွေက အနည်းငယ် အေးစက်သွားခဲ့ပါတယ်။ အဲဒီတော့ ဒီတစ်ခေါက် ခရီးစဉ်က ဒီအေးစက်နေတဲ့ ဆက်ဆံရေးတွေက ပြန်ပြီးတော့ နွေးထွေးလာတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြန်ပြီးတော့ ယုံကြည်မှုတွေ၊ နားလည်မှုတွေ တည်ဆောက်လာနိုင်တယ်။ ဒီခရီးစဉ်က ကျွန်မတို့အတွက် သံတမန်ရေးအရ၊ နိုင်ငံရေးအရ အောင်မြင်တဲ့ ခရီးစဉ်လို့ ပြောနိုင်ပါတယ်။ ကျွန်မတို့ Delegation အဖွဲ့ တစ်ဖွဲ့လုံးလည်း ဝမ်းမြောက် ဝမ်းသာနဲ့ ပြန်လာကြတာဖြစ်ပါတယ်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့နိုင်ငံရေး ပြောင်းလဲတိုးတက်မှုတွေ အပေါ်မှာ မလေးရှားနိုင်ငံဘက်က ဘယ်လို မြင်ပါသလဲ။ နိုင်ငံတော်သမ္မတကြီးကို ဖိတ်ကြားခြင်း မပြုသေးတဲ့ တခြားသော အာဆီယံနိုင်ငံတွေကရော ဘယ်လို အမှန်အတိုင်း သိမြင်နားလည်လာ နိုင်မလဲ ဆိုတာသိပါရစေ။
ဖြေ။ ။ အခုခရီးစဉ်ကို သွားတဲ့အချိန်မှာ နိုင်ငံတော်သမ္မတကြီးနဲ့ မလေးရှားဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေးမှုတွေကနေ တစ်ဆင့် ဘာသိလာရသလဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို သမ္မတကြီးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်။ ချပြခဲ့တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်သမ္မတကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ အကုန်လုံးကို ဟိုဘက်က သိမြင်ခဲ့ပါတယ်။ အဲဒီအတွက်ကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါကစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်မှုပါ။
နောက်တစ်ခုကတော့ ကျွန်မတို့ နိုင်ငံကနေ နေရပ်စွန့်ခွာသွားသူတွေရဲ့ ပြဿနာပါ၊ ဒါနဲ့ပတ်သက်လို့လည်း နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းနဲ့ ချီပြီးတော့ Facts and figures ပြည့်ပြည့်စုံစုံနဲ့ အသေအချာကို ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်လည်း မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေက နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်ပြီးတော့ သေသေချာချာ နားလည်သွားပါတယ်။ လက်ခံသွားပါတယ်။ ဒါကလည်း ကျွန်မတို့နိုင်ငံအတွက် အကျိုးအမြတ်တစ်ခုလို့ ပြောနိုင်ပါတယ်။
နောက်တစ်ခုကတော့ ကျွန်မတို့ကို ဖိတ်ကြားခြင်း မပြုသေးတဲ့ အာဆီယံနိုင်ငံတွေအတွက် ဘယ်လိုအထောက်အကူပြုသလဲဆိုတော့၊ အခု ဝန်ကြီးချုပ်နဲ့ ဆွေးနွေးစဉ်မှာပဲ Press release မှာ ဝန်ကြီးချုပ်က ပြောပါတယ်။ ကျွန်မတို့ အခုလို ဆက်ဆံတယ်၊ သမ္မတကြီးက အာဆီယံ နိုင်ငံတွေကို သွားခဲ့တယ်။ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့တယ်။ အဲဒီတော့ တခြားအင်ဒိုနီးရှားနိုင်ငံနဲ့ ဘရူနိုင်းနိုင်ငံတွေကလည်း ဖိတ်ဖို့ရှိပါတယ်ဆိုတဲ့ Information လေးကို Share လုပ်လိုက်ပါတယ်။
နောက်တစ်ခုကတော့ စောစောကပြောတဲ့ ကုန်းတွင်းပိုင်းက အာဆီယံ ၄ နိုင်ငံ၊ ဒီမှာလည်း ကျွန်မတို့နိုင်ငံရဲ့ သဘောထားရပ်တည်ချက်၊ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ်။ အခုဟာက ပင်လယ်တွင်းက နိုင်ငံပါ၊ ဒီမှာလည်း ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေ၊ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းတွေ၊ ကျွန်မတို့ နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဒါတွေကို အကုန်လုံး ရှင်းပြခဲ့တဲ့အတွက် မလေးရှားခရီးစဉ်ကနေတစ်ဆင့် ဒီ Information သည် ကျန်တဲ့နိုင်ငံတွေ ဆီလည်း ပျံ့နှံ့သွားမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံရဲ့ မြေပြင် လက်တွေ့ အခြေအနေမှန်ကို ကျွန်မတို့ကို မဖိတ်ကြားရသေးတဲ့၊ ကျွန်မတို့ နိုင်ငံအပေါ်မှာ အမြင်တစ်မျိုးဖြစ်နေတဲ့ အာဆီယံနိုင်ငံတွေကလည်း ဒါကို ရှင်းရှင်းလင်းလင်း သိမြင်သွားဖို့ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ နိုင်ငံတော်သမ္မတကြီးရဲ့ မလေးရှားခရီးစဉ်အတွင်းမှာ စီးပွားရေး Forum ကျင်းပတာလည်း တွေ့ရပါတယ်။ ဒီစီးပွားရေး Forum မှာ မြန်မာနဲ့ မလေးရှားကြားမှာ ဘယ်လိုသဘော တူညီမှုတွေ ရရှိခဲ့တယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ စီးပွားရေး Forum ဆိုတာထက် High-level Business Dialogue လုပ်ခဲ့ပါတယ်။ အဓိကဆွေးနွေးခဲ့တာကတော့ အရောင်းအဝယ်လုပ်မယ့်ကိစ္စထက် ကျွန်မတို့ ပူးပေါင်းဆောင်ရွက်မယ်။ ကုန်သွယ်မှုကို တိုးမြှင့်မယ်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မယ်။ ပြီးရင်တော့ value-added products တွေကို ထုတ်တဲ့နေရာမှာ ပူးပေါင်းပြီး ဆောင်ရွက်မယ်။ တစ်နည်းအားဖြင့် ပြောရင်တော့မလေးရှားနိုင်ငံရဲ့ လိုအပ်ချက်၊ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်ကို အပြန်အလှန် ဖြည့်ဆည်းပေးမယ့် လုပ်ငန်းစဉ်တစ်ခု၊ mechanism တစ်ခုကို ထူထောင်ဖို့အတွက်ကို သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် မလေးရှားကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့ဘက်က စိတ်ဝင်စားမှုရှိတယ်။ အထူး သဖြင့် logistics နဲ့ ဆိပ်ကမ်းလုပ်ငန်းတွေ၊ သံနဲ့သံမဏိ downstream industry ထူထောင်ဖို့ကိစ္စတွေကို စိတ်ဝင်စားတယ်။ နောက်တစ်ခါ ဆီအုန်းကလည်း တကယ်အရေးကြီးပါတယ်၊ မလေးရှားက အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ ဆီအုန်းနဲ့ ပတ်သက်လို့ စိုက်ပျိုးဖို့၊ refinery စက်ရုံ တည်ဆောက်ဖို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားကြောင်း၊ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီစီးပွားရေး Forum ကြီး တစ်ခုလုံးရဲ့ အဓိကအချက်ကတော့ ကျွန်မတို့ အရောင်းအဝယ်လုပ်ဖို့ မဟုတ်ဘူး။ ကျွန်မတို့ကလည်း ဈေးရောင်းတဲ့လူနဲ့တွေ့ဆုံမှာ မဟုတ်ပါဘူး။ တကယ်ထုတ်လုပ်တဲ့လူနဲ့ ကျွန်မတို့နဲ့ တိုက်ရိုက်တွေ့ဆုံမယ်။ ဆွေးနွေးမယ်။ ညှိနှိုင်းမယ်။ ဘာတွေ ပူးပေါင်းဆောင်ရွက်နိုင်မလဲ၊ အဓိကကတော့ ကျွန်မတို့ long-term သွားဖို့အတွက်ကို ရည်မှန်းပြီးတော့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ သဘောတူညီမှုတွေ ရယူခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ ခရီးစဉ်အတွင်းမှာ Think Tank Cooperation Dialogue တစ်ခု လုပ်သွားတာလည်း တွေ့ရပါတယ်။ အဲဒီမှာ ဆွေးနွေးခဲ့မှုတွေနဲ့ ဆွေးနွေးချက်တွေကို ရလဒ်အဖြစ်ဘယ်လို ပြောင်းလဲနိုင်မလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ မလေးရှားနိုင်ငံ ခရီးစဉ်ရဲ့ ထူးခြားချက်က နှစ်ဖက်နိုင်ငံက Think Tank တွေ Cooperation Dialogue လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်တက်ရောက်ခဲ့သလို မလေးရှားနိုင်ငံဘက်ကလည်း ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ အဓိကဆွေးနွေးတာကတော့ ကျွန်မတို့ Cooperation အထူးသဖြင့်တော့ Business Cooperation ကို ကျွန်မတို့ဘယ်လို ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမလဲ၊ နောက်တစ်ခါ တစ်နိုင်ငံရဲ့ ရပ်တည်ချက်ကို တစ်နိုင်ငံ ဘယ်လိုထောက်ခံမလဲ၊ တစ်နိုင်ငံရဲ့ လိုအပ်ချက်ကို ကျွန်မတို့တစ်နိုင်ငံက ဘယ်လိုဖြည့်ဆည်း ပေးမလဲ၊ ဒီလို လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ဒါကပညာရှင် point of view ကနေ ဆွေးနွေးခဲ့တာပါ။ အဲဒီလို ဆွေးနွေး ခဲ့တဲ့အခါမှာလည်း ကျွန်မတို့ ဦးစားပေးကတော့ G to G ဘာလုပ်မလဲ၊ ပြီးရင် B to B ဘာလုပ်မလဲ၊ ပြီးရင် People to People ဘယ်လိုသွားမလဲ၊ Think Tank to Think Tank ဘယ်လို ကျွန်မတို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ အချက်အလက်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့ အစိုးရအနေနဲ့ နှစ်ဖက်ပညာရှင်တွေရဲ့ အကြံပြုချက် တွေကို ကျွန်မတို့က ဆန်းစစ်ပါမယ်။ လေ့လာပါမယ်။ ပြီးရင် ဒါတွေကို ဆောင်ရွက်ဖို့ လိုအပ်တဲ့ကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါက အစိုးရအပိုင်းပါ။ Business အပိုင်းမှာကျတော့ ဒါက အခုလုပ်ငန်းစဉ်အစပျိုးမှုပါ။ ဒီလုပ်ငန်းစဉ်ကနေမှ ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လုပ်သွားမယ်။ Forum တွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးပြီးတော့ လုပ်သွားမယ်။ ဒီလုပ်ငန်းစဉ်က ဒီပွဲမှာပဲ ဆွေးနွေးတယ် ရပ်သွားရမယ့် အနေထားမျိုးမဟုတ်ဘဲ ဒါက ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ရဲ့ First Step အစခြေလှမ်းဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ နှစ်နိုင်ငံ Bilateral ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို ဒီမှာ အသေးစိတ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံတော်သမ္မတကြီးရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်အတွင်းမှာ မလေးရှားကို ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဆွေးနွေးမှုတွေမှာ ဘာတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ပါသလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ ကျွန်မတို့ မြန်မာနိုင်ငံသား လုပ်သားတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ အဲဒါတော့ အဓိက နှစ်ပိုင်းပါ။ ပထမတစ်ခုကတော့ လက်ရှိအလုပ်လုပ်နေတဲ့ ကျွန်မတို့ နိုင်ငံသားတွေ၊ လုပ်သားတွေ၊ အဲဒီမှာက တရားဝင်လည်း ရှိနိုင်ပါတယ်။ တရားမဝင်လည်း ရှိနိုင်ပါတယ်။ ဒီလုပ်သားတွေရဲ့ လုပ်သားအခွင့်အရေးတွေ ရရှိဖို့၊ နောက်တစ်ခါ လူမှုဖူလုံရေးကဏ္ဍ၊ သူတို့အလုပ်အကိုင်လုပ်ငန်းခွင်ထဲမှာ decent ဖြစ်တဲ့ အလုပ်တွေရရှိဖို့၊ တရားဝင်ရပ်တည်ဖို့ ဒါတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးက မလေးရှားဘက်ကို မေတ္တာရပ်ခံခဲ့တာ ရှိပါတယ်။ ဒါကလက်ရှိ အလုပ်လုပ်နေတဲ့သူတွေအပိုင်းပါ။
နောက်တစ်ပိုင်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတော့ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံသားတွေ ပြန်ခေါ်ဖို့ကိစ္စပါ။ ဒါလည်း ကျွန်မတို့ အစဉ်အဆက်ဆောင်ရွက်ခဲ့တာပါ။ ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ အားလုံး ၈၀၀၀ ကျော် ပြန်ပြီးတော့ ခေါ်ပြီးပါပြီ။ ပြီးခဲ့တဲ့ မကြာခင်ကာလကလည်း သတင်းထဲမှာတွေ့မှာပါ၊ ကျွန်မတို့ တပ်မတော်ရေက သင်္ဘော သုံးစင်းနဲ့ ၁၄၇၆ ဦး ကျွန်မတို့ သွားပြီးတော့ ခေါ်ခဲ့ပါပြီ။ ကျွန်မတို့ မြန်မာ နိုင်ငံသားတွေ စိစစ်ပြီးတော့ ဟိုဘက်မှာ ခေါ်ဖို့ကျန်တဲ့လူ အခုလက်ရှိ အချိန်ထိ စာရင်း ၃၀၀၀ ကျော် ရှိပါသေးတယ်။ ဒါကိုလည်း နိုင်ငံတော် သမ္မတကြီးက အခုလို ရာသီဥတုကောင်းမွန်နေတဲ့ အချိန်မှာပဲ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်သွားမယ်ဆိုပြီး ဆွေးနွေးခဲ့တာ ရှိပါတယ်။ တကယ်တော့ ကျွန်မတို့ နိုင်ငံတော်သမ္မတကြီးရဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် မှာထားရှိတဲ့ မေတ္တာစေတနာ၊ တစ်နည်းအားဖြင့် မိဘကသားသမီးအပေါ်မှာထားတဲ့ မေတ္တာနဲ့ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တွေလို့ မှတ်ယူလို့ရပါတယ်။
သတင်းအဖွဲ့

No comments:
Post a Comment