Tuesday, October 6, 2026

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် အမျိုးသမီး စက်ခေါင်းမောင်းသူများအား စတင်တာဝန်ပေးအပ်

 

ရန်ကုန် အောက်တိုဘာ ၅

မြန်မာ့မီးရထားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ရထားများ၌ အမျိုးသမီး စက်ခေါင်းမောင်းသူများကို တာဝန်ပေးရန် မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ငါးဦး သည် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း ပညာရပ်ကို စာတွေ့၊ လက်တွေ့ သင်ယူပြီးမြောက်ခဲ့ကြသူများဖြစ်ပြီး သင်တန်းကာလ ၂၉ ပတ်အတွင်း မြေပြင်တွင် တွဲရွှေ့ရထားမောင်းနှင်ခြင်း၊ လမ်းကြည့်လိုက်ပါခြင်း၊ လက်တွေ့စမ်းသပ်မောင်းနှင်ခြင်း၊ မောင်းနှင်ဖြေဆိုခြင်းနှင့် လူတွေ့မေးမြန်းစစ်ဆေးခြင်းများကို ဖြတ်သန်းအောင်မြင်ခဲ့ကြသူများဖြစ်ကာ လက်ရှိတွင် တွဲဖက်စက်ခေါင်းမောင်းအဖြစ် လက်တွေ့လုပ်ကိုင်လျက်ရှိသည်။

အဆိုပါ အမျိုးသမီးစက်ခေါင်းမောင်း ငါးဦးအား လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ပြေးဆွဲနေသည့် DEMU နှင့် RBE ရထားများတွင် စက်ခေါင်းမောင်း တာဝန်များ စတင်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

TWA

No comments:

Post a Comment