Tuesday, September 29, 2026

ဒုတိယသမ္မတ ဦးညိုစော e-Government ဦးဆောင်ကော်မတီညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆) သို့ တက်ရောက်အမှာစကားပြောကြား


 

နေပြည်တော် စက်တင်ဘာ ၂၉

e-Government ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂) ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စည်းအဝေးခန်းမ၌ကျင်းပရာ e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်များကို ပိုမိုထိ ရောက်ကျယ်ပြန့်စွာ အကောင်အထည်ဖော်ပြီး အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် Digital Government သို့ ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များ အောင်မြင်စေရန် အစိုးရကဏ္ဍတစ်ခုတည်းက ဆောင်ရွက်ရုံသာမက ပုဂ္ဂလိကကဏ္ဍ၊ နည်းပညာကျွမ်းကျင်သူများနှင့် ပူးပေါင်းပါဝင်သည့်Public-Private Partnership (PPP) မူဘောင်များဖော်ဆောင်ရေး၊ Single Window နှင့် One-Stop Digital Services Platform များဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး၊ သတင်းအချက် အလက်လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသားအဆင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ၂၀၃၀ နှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးတို့နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှာကြားပြီး ပြည်သူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် e-Government မှသည် Digital Government တစ်ရပ် တည်ဆောက်ရေးအတွက် ဌာနများ၊ အဖွဲ့အစည်းများအားလုံး စနစ်တကျဟန်ချက်ညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌက e-Government အကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဦးဆောင်ကော်မတီ အတွင်းရေးမှူးက e-Government အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင်များက e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး ညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment