တနင်္သာရီ စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုအဖွဲ့သည် တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများကို မြိတ်မြို့မှ တနင်္သာရီမြို့သို့ သွားရောက်ပေးအပ်ခြင်းနှင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းက တနင်္သာရီမြို့မှ မြိတ်မြို့သို့အပြန်တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုခံရကာတစ်ဦးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။
ဖြစ်စဉ်မှာ မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုအဖွဲ့သည် လုပ်ငန်းများ ဆောင်ရွက်ပြီး တနင်္သာရီမြို့မှ မော်တော်ယာဉ်များဖြင့်
မြိတ်မြို့သို့ အပြန်တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာအထွက် ကမ်းတိုကျေးရွာလမ်းကွေ့
နေရာအရောက်တွင် ကမ်းတိုကျေးရွာမြစ်တစ်ဖက်ကမ်းမှ အကြမ်းဖက်အဖွဲ့က လက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့်
မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်တစ်ဦးဒဏ်ရာပြင်းထန်စွာ
ရရှိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိခဲ့သူသည် ဝဲဘက်လက်မောင်း ကျည်ဖောက်ဝင်/ဖောက်ထွက်၊
ဝဲနံစောင်း ဖောက်ဝင်တစ်ချက် (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိတ်မြို့ရှိ
အမှတ် (၅/၁၀ဝ) တပ်မတော်ဆေးရုံ အရေးပေါ်ကုသဆောင်တွင်အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူခဲ့ကာ
ယနေ့တွင် မြိတ်ပြည်သူ့ဆေးရုံအရေးပေါ်ကုသဆောင်တွင် အတွင်းလူနာအဖြစ် ပြောင်းရွှေ့ဆေးကုသမှုခံယူလျက်ရှိကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)


No comments:
Post a Comment