Monday, September 7, 2026

ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

 



နေပြည်တော် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားကာ အိပဲ့ကျမှုဖြစ်ပွားခဲ့သည်။

ထိုသို့ တာကိုယ်ထည် တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှုဖြစ်ပေါ်ခဲ့သည့်နေရာအား တာမိုင် (၁၁/၅) နှင့် (၁၁/၆) ကြား ယာယီပန်းတာတည်ဆောက်ခြင်း၊ ဆည်မြောင်းမူရင်းတာ တာမိုင် (၁၁/၆ + ၃၀၀) မှ (၁၁/၇+ ၆၀၀) အတွင်း ခန့်မှန်းလျာထား အလျား ပေ ၇၀၀ အား သဲအိတ်များဖြင့် တာခြေထောက်ခြင်း၊ ဆည်မြောင်းတာအတွင်းဘက်ခြမ်း တာမိုင် (၁၁/၆ + ၃၀၀) မှ တာမိုင် (၁၁/၇ + ၆၀၀) ထိ ပန်းတာတည်ဆောက်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း၊ ကမ်းပြိုကာကွယ်ရေးသုံး Geotextile ခင်းခြင်း၊ Steel Cable Groyne ၂ ချောင်းဆောင်ရွက်ခြင်းနှင့် ရေလယ်သောင်တူးခြင်းလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment