နေပြည်တော် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/ ၆ နှင့် ၁၁/ ၇ ကြားနေရာ၌ တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့်တာ ကိုယ်ထည်တိုက်စားကာ အိပဲ့ကျမှုဖြစ်ပွားခဲ့သည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ်
ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှုဖြစ်ပေါ်ခဲ့သည့် နေရာအား တာမိုင် (၁၁/
၅)နှင့် (၁၁/ ၆) ကြား ယာယီပန်းတာ တည်ဆောက်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine
ချထားခြင်း၊ မြစ်ကမ်းပါး ရေတိုက်စားမှုဒဏ်ကာကွယ်ရန်နှင့် ကမ်းပါးမြေမပြိုကျစေရန် ထိန်းသိမ်းခြင်း
လုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်
ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်
ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို
ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment