Tuesday, August 18, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုသည်။











ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်သို့ရောက်ရှိကြရာ ရှရှားနိုင်ငံအစိုးရမှတာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးမှ ဦးဆောင်၍ လွမ်းသူပန်းခွေအား သယ်ဆောင်ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးလေပြီးသော သူရဲကောင်းများအား ရည်စူး၍ ၁ မိနစ်ငြိမ်သက် ဂုဏ်ပြုအလေးပြုကြသည်။ ထိုသိုလွမ်းသူပန်းခွေချ အလေးပြုပြီးချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအားတီးမှုတ်ကြသည်။

No comments:

Post a Comment