သုံးခွ ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကွန်ကလကျေးရွာအုပ်စု ကွန်ကကျေးရွာတွင် ယမန်နေ့ ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့်
သုံးခွမြို့နယ် ကွန်ကလကျေးရွာအုပ်စု ကွန်ကလကျေးရွာနေ ဦးခင်မောင်သန်း၏ နေအိမ်သွပ်မိုးထရံကာ
ပျဥ်ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၆၀၀၀၀ သိန်း၊ ဦးမင်းသူ သွပ်မိုးထရံကာ
ပျဥ်ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၅၀၀၀၀ သိန်း၊ ဦးနေမင်းထွန်းထရံကာ
ပျဥ်ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၆၂၀၀၀၀ သိန်း၊ ဒေါ်အမာဆွေ သွပ်မိုး
ထရံကာပျဥ်ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၂၀၀၀၀ သိန်းနှင့် ဒေါ်စိန်းနွဲ့
သွပ်မိုး ထရံကာပျဥ်ခင်း (အမိုးလန်) ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၈၀၀၀၀ သိန်းတန်ဖိုး
ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုနေရာသို့
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်နှင့်
ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်
ကျေးရွာရပ်မိရပ်ဖများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး လေပြင်းတိုက်ခတ်မှုကြောင့်
လူနှင့် တရိစ္ဆာန်ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။
စည်သူလင်း
(ပြန်/ဆက်)



No comments:
Post a Comment