Saturday, August 29, 2026

(၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ

 


နေပြည်တော် ဩဂုတ် ၂၈

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ဆက်လက်ကျင်းပသည်။

ဦးစွာ နံနက်ပိုင်းပြိုင်ပွဲများအဖြစ် ခေတ်ပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသမီး) ကို ပြိုင်ပွဲဝင် ၁၉ ဦးက ရူးရူးမိုက်မိုက် အချစ်သီချင်းဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ (နန်းတွင်းယိမ်း) ကို ပြိုင်ပွဲဝင်အဖွဲ့ ခြောက်ဖွဲ့ကလည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲ (တိုင်းရင်းသားယိမ်း) ကို ပြိုင်ပွဲဝင်အဖွဲ့ ခြောက်ဖွဲ့ကလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ (တစ်ဦးချင်း) (အမျိုးသား) ကို ပြိုင်ပွဲဝင် ၁၇ ဦးကလည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအက ပြိုင်ပွဲ (တစ်ဦးချင်း) (အမျိုးသမီး) ကို ပြိုင်ပွဲဝင် ၁၇ ဦးကလည်းကောင်း အသီးသီးကပြဖျော်ဖြေယှဉ်ပြိုင်ကြသည်။

အလားတူ ညပိုင်းတွင် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများက အငြိမ့်နှင့်ပြဇာတ်များကို ပါဝင်ကပြယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

သတင်းစဉ်


No comments:

Post a Comment