နေပြည်တော် ဩဂုတ် ၂၅
၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အဆိုပါအခမ်းအနားသို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး
ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး
ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊
ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊
ကာကွယ်ရေးဦးစီးချုပ်ရုံ(ကြည်း၊ရေ၊လေ) ရုံးဌာနအသီးသီးမှ အရာရှိ၊
စစ်သည်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးကြသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်း၊ ပျဉ်းကတိုး၊
မဟော်ဂနီနှင့် ပိတောက်ပင်များကို စိုက်ပျိုးကြသည်။
ထို့နောက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏
စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပပြုလုပ်သည့်
ကာကွယ်ရေးဦးစီးချုပ်ရုံ(ကြည်း၊ရေ၊လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတွင်
ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီနှင့် ပိတောက်ပင် စုစုပေါင်း ၂,၄၀၀ ပင်ကို စိုက်ပျိုးခဲ့ကြသည်။
အလားတူ
တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း စတုတ္ထအကြိမ်မိုးရာသီ သစ်ပင်စိုက်ပွဲများကျင်းပ၍
ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို
စုပေါင်းစိုက်ပျိုးကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁၅၉၁ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌
၅၀၃၀ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၃၄၆၀ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌
၁၂၉၁၀ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉၅၇၀ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌
၁၁၁၆၁ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၄၉၁၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌
၆၉၃၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၀၉၉၀ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၃၉၀၀
ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၅၁၀၀ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၆၁၉၀
ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၄၆၆၉၆ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၇၃၈၀
ပင်တို့ကို တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး
တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၄၈၂၂၆ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment