Saturday, July 18, 2026

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)၏ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇူလိုင် ၁၇

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services–UNOPS) မှ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) မှ စီမံကိန်းများ အောင်မြင် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment