Wednesday, July 22, 2026

ကုန်တင်ပို့သူ (Exporter)နှင့် ကုန်တင်သွင်းသူ (Importer) ကုမ္ပဏီများကို အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO အသိအမှတ်ပြုလက်မှတ် ပေးအပ်လျက်ရှိ



ရန်ကုန် ဇူလိုင် ၂၁

နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွင်းဆက်တွင်ပါဝင်သော မြန်မာနိုင်ငံမှ ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် စည်းကမ်းလိုက်နာမှု ကောင်းမွန်စေရေးနှင့် ကုန်သွယ်မှု လုံခြုံချောမွေ့စေရေးတို့အတွက် ကုန်တင်ပို့သူ (Exporter) နှင့် ကုန်တင်သွင်းသူ (Importer) ကုမ္ပဏီများကို အကောက်ခွန်ဦးစီး ဌာနက အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ်များ ပေးအပ်လျက်ရှိကြောင်း ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာ ခန်းမ၌ကျင်းပသည့် AEO အသိ အမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားမှ သိရသည်။

အဆိုပါအခမ်းအနားတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက Coca Cola Pinya Beverages Myanmar Co., Ltd (Importer)၊ Paing Family International Co., Ltd (Exporter) ၊ GOOD BROTHERS’ Co., Ltd (Exporter) ကုမ္ပဏီတို့ကို အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ AEO (Level-1) အသိအမှတ်ပြုလက်မှတ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက Wilmar Myanmar Riceland Limited (Exporter)၊ Wilmar Myanmar Edible Oils Limited (Importer)နှင့် UPG Paint & Coating Co.,Ltd (Importer) ကုမ္ပဏီတို့ကို အခွင့်ရစီးပွားရေး လုပ်ငန်းဆောင်ရွက်သူ AEO (Level-2) အသိအမှတ်ပြုလက်မှတ် များ ပေးအပ်ခဲ့ကြသည်။

တက်ရောက်

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment