နေပြည်တော် ဇူလိုင် ၈
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) ကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် စီမံဆောင်ရွက်ပေးထားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူအကျိုးခံစားခွင့်ရရှိစေရေး YBS ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာပြေးဆွဲရန်နှင့် ယာဉ်စီးခကိုလည်း သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံသွားရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်သည်။
ထိုကဲ့သို့
ညွှန်ကြားထားသော်လည်း YBS
(၆၅) ယာဉ်လိုင်းတံဆိပ်တပ်ဆင်ထားသော ယာဉ်အမှတ် (2I-2957) မော်တော်ယာဉ်သည် YBS ယာဉ်လိုင်းတွင်
အမှန်တကယ်ပြေးဆွဲခြင်းမရှိဘဲ တောင်ဒဂုံမြို့နယ် ရွာသာကြီး
အကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိခြင်း၊
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အား ယာဉ်အမှတ် (6F-3682)
သို့ တရားမဝင်ရောင်းချခြင်းများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးက
တိုင်ကြားလာသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အမှန်တကယ်ကျူးလွန်ခဲ့ကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်အမှတ် (2I-2957) နှင့် (6F-3682)
ခရီးသည် တင်ယာဉ်နှစ်စီးအား ဇွန် ၃၀ ရက်မှစ၍
ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်း ခွင့်ပိတ်သိမ်းအရေးယူဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ
သိရသည်။
သတင်းစဉ်


No comments:
Post a Comment