နေပြည်တော် ဇူလိုင် ၁၃
အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ်ရယူရန် ဆောင်ရွက်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး
ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီး (အရှေ့ရပ်) နေ မ---(၁၈) နှစ်အား
ဒေါ်စန်းစန်းထွေး (လိပ်စာတူ) က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ယောကျ်ားယူပါက ငွေကျပ်
သိန်း ၁၀၀ ရရှိမည်၊ တစ်နှစ်ပေါင်းသင်းရမည်၊ ကလေးတစ်ဦးမွေးပြီးပါက ပြန်လာရမည်ဟု ပြောဆိုစည်းရုံး၍လည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့နယ် မြို့သစ် (၂) ရပ်ကွက်နေ မ---(၁၈)
နှစ်အား မဟေမာန်ဦး (လိပ်စာတူ) က တရုတ်ယောကျ်ားယူပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ တစ်နှစ်ပေါင်းသင်း၍
ပျော်ရင်ဆက်နေရမည်၊ နောက်ထပ်တရုတ်ယောက်ျား ထပ်ယူလိုပါက ငွေကျပ်သိန်း ၁၀၀ ရမည်ဟု
ပြောဆိုစည်းရုံး၍လည်းကောင်း အမျိုးသမီးနှစ်ဦးအား ဒေါ်စန်းစန်းထွေးနှင့်
မဟေမာန်ဦးတို့ စီစဉ်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ရန်ကုန်မှ မြစ်ကြီးနားသို့
သွားရောက်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၂) လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား) က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ
မြစ်ကြီးနားနယ်မြေရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄
ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် မြစ်ကြီးနားခရိုင်တရားရုံးမှ
တရားခံစန်းစန်းထွေး (တိမ်းရှောင်) နှင့် ဟေမာန်ဦး (တိမ်းရှောင်) တို့ နှစ်ဦးအား
ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီတွင်
ရှမ်းပြည်နယ် ကလောမြို့ နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တိမ်းရှောင်တရားခံ
ဟေမာန်ဦး (မ) အား ဖမ်းဆီးရမိသဖြင့် မြစ်ကြီးနားခရိုင်တရားရုံးသို့
တရားစွဲတင်ပို့ခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်တွင် တရားခံ ဟေမာန်ဦး (မ) အား
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်
ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment