နေပြည်တော် ဇူလိုင် ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ဗိုလ်ချုပ်လမ်းတွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးနှင့် ညီညွတ်သောပစ္စည်းများဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးကြရန်မှာကြားသည်။
ထို့နောက် ယာယီပြည်သူ့ဆေးရုံ၌ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးကုသပေးနေမှုကို ကြည့်ရှုပြီးဆေးကုသ မှုခံယူနေသည့် ပြည်သူများကို ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ရပ်ကွက်များ၌ ပြန်လည်ဝင်ရောက်နေထိုင်သော ဒေသခံပြည်သူများ၏ နေအိမ်များကို သွားရောက်ပြီး နိုင်ငံတော်မှ ထောက်ပံ့သော အခြေခံလိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများရရှိမှု အခြေအနေကိုကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ဒေသခံပြည်သူများက ဝိုင်းဝန်း ပြုပြင်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများကို လိုက်လံနှုတ်ဆက်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ခဲ့မှုအခြေအနေကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment