နေပြည်တော် ဇူလိုင် ၈
တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၆ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster – 1, Bluding (6) ရှိ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
အစည်းအဝေးတွင်
တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့်
အထက်တန်းရှေ့နေ ၁၆၄ ဦးအား တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊
ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ ၁၃ ဦးအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီ
အက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်/ မသင့်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်
ရှေ့နေတစ်ဦးက ဘဏ်ရှေ့နေခန့်ထားနိုင်ရေး အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံပေးနိုင်ပါရန်
လျှောက်ထားသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအဖွဲ့ဝင် လစ်လပ်လျက်ရှိသည့်
အဖွဲ့ဝင်နှစ်ဦးနေရာနှင့် ဒုတိယဥက္ကဋ္ဌနေရာတို့အတွက် ဆွေးနွေးဆုံးဖြတ်သည့်ကိစ္စ၊
၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများ၊ နည်းဥပဒေ ၁ (ခ)၊
နည်းဥပဒေ ၈ နှင့် နည်းဥပဒေ ၁၅ တို့ကို ပြင်ဆင်နိုင်ရေးနှင့် နည်းဥပဒေ ၁ (ဂ) ၏
နောက်တွင် နည်းဥပဒေ ၁ (ဃ) ကို ဖြည့်စွက်ရန်ကိစ္စ၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာများအား
မှတ်တမ်းတင်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခြင်းကို ပြင်းထန်စွာသတိပေးခြင်း၊
ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းကိစ္စရပ်များ အမိန့်မိတ္တူများနှင့် စပ်လျဉ်း၍ မှတ်တမ်းတင်ရန်ကိစ္စရပ်များကို
ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ
ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့်
ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment