ညောင်ဦး ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ထိုင်းနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ထိုမှ ပုဂံ-ညောင်ဦးလေဆိပ်သို့ ယနေ့မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
Travel
Co.,Ltd စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားခရီးသွားဧည့်သည် ၄၀ တို့သည် ပုဂံရှေးဟောင်း
ယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းဝင်အထင်ကရဘုရားများနှင့် ရှေးဟောင်းစေတီ၊ ပုထိုး၊
ဂူဘုရား၊ သာသနိကအဆောက်အအုံများအား ကြည့်ရှုလေ့လာကြမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံသား
ခရီးသွားများအား ပုဂံ-ညောင်ဦးလေဆိပ်တွင် ညောင်ဦးခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု
ဦးစီးဌာန ပုဂံရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်နှင့် ဝန်ထမ်းများက
ကြိုဆိုခဲ့ကြောင်း၊ အဆိုပါ ထိုင်းနိုင်ငံသားခရီးသွားများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့
ဇူလိုင် ၂၆ ရက်မှ ၃၁ ရက်အထိ ဘုရားများအား ဖူးမြော်လေ့လာကြမည်ဖြစ်သည်။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
ပုဂံရုံးခွဲအနေဖြင့် ကမ္ဘာလှည့်ခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက်
Information Center သုံးခုကို ပုဂံ-ညောင်ဦးလေဆိပ်၊ ICT ခန်းမနှင့် ပုဂံမြို့သစ်တို့တွင်
ဖွင့်လှစ်ထားကြောင်း သိရသည်။
ဒီပါလင်း

No comments:
Post a Comment