Thursday, July 9, 2026

ဒုတိယဝန်ကြီး ဦးရဲတင့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ

 



ရန်ကုန် ဇူလိုင်

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ မှာကြားသည်။

ကြည့်ရှုအားပေး

ယမန်နေ့ မွန်းလွဲပိုင်းကလည်း ဒုတိယဝန်ကြီးသည် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် မော်ကွန်းရုပ်ရှင်ရုံးတို့၌ ဖွင့်လှစ်လျက်ရှိသော မြန်မာ့ရုပ်ရှင်သရုပ်ဆောင် မြှင့်တင်ရေးသင်တန်းနှင့် ရုပ်ရှင်ဓာတ်ပုံသင်တန်းတို့အား သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment