နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်၏ သဝဏ်လွှာပေးပို့ ဖိတ်ကြားမှုအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့အစီအစဉ်သို့ တက်ရောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၀၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၅ တို့နှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားသည်။
အဆိုပါ တတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်တွင် နိုင်ငံတော်သမ္မတက
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားသည့် အစီအစဉ်သို့
ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုလွှတ်တော်နာယက
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုတရားသူကြီးချုပ်
ဦးသာဌေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး
ဦးစီးချုပ် (ကြည်း)၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ
ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ
လွှတ်တော်အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊
ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်
(၄၇/၂၀၂၆) မှ ကြီးကြပ်သူအရာရှိများအပါအဝင် လေ့လာသူ ဧည့်သည်တော် (၆၇) ဦးနှင့် အခြားလေ့လာသူ
ဧည့်သည်တော် (၁၅၀) တို့ တက်ရောက်လေ့လာကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက
Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက
ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့သို့
တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက်
ယနေ့အစည်းအဝေးသို့ ၅၃၉ ဦး တက်ရောက်သဖြင့် ၉၆ ဒသမ ၂၅ ရာခိုင်နှုန်း တက်ရောက်ခွင့်ရှိသည့်အတွက်
အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို
လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက
က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်သို့
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရန်အတွက်
ဖိတ်ခေါ်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်အခြေပြမိန့်ခွန်း
ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာပြီး သတင်းမီဒီယာများ၏မေးမြန်းမှုများကို
ပြန်လည်ဖြေကြားသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့်
နိုင်ငံတော်အစိုးရ၏ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏
သဘောထားရယူ မှတ်တမ်း တင်သည်။
အစည်းအဝေးအပြီးတွင်
တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ပြီးမြောက်ခြင်း
ဂုဏ်ပြုနေ့လယ်စာစားပွဲကို လွှတ်တော်အဆောက်အအုံ ထမင်းစား ခန်းမဆောင်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်
အစည်းအဝေးသို့ တက်ရောက်လာကြသူများသည် ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
ဂုဏ်ပြုနေ့လယ်စာ
မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး
ညွှန်ကြားရေးမှူးရုံးတို့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ဂုဏ်ပြုနေ့လည်စာအပြီးတွင်
နိုင်ငံတော်သမ္မတက အခမ်းအနားတက်ရောက်ကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်





No comments:
Post a Comment