နေပြည်တော် ဇူလိုင် ၆
၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်အဖြစ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စု ကံဦးကျေးရွာ၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင်
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီ ဝင်များ၊ ဝန်ထမ်းများနှင့်အတူ
ပျိုးပင်များကို စုပေါင်းစိုက်ပျိုး ကြသည်။
ထို့နောက် ကံဦးကျေးရွာ
အခြေခံပညာမူလတန်းလွန်ကျောင်းအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊
ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့်
ဆောင်ရွက်ထားသော အစုအဖွဲ့ စနစ်ဖြင့် မွေးမြူထားသော အသားတိုးဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို
ကြည့်ရှုသည်။
ဆက်လက်၍ ကံဦးကျေးရွာ
ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်း(Smart
Village) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး ကံဦးကျေးရွာအတွက်
ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၆၀၀ ကို ကျေးရွာကော်မတီဝင်များထံ
လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment