နေပြည်တော် ဇူလိုင် ၁၃
ကလေးမြို့၌ ငွေကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ခုနစ်သိန်းဖမ်းဆီးရမိ၍ တရားခံများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဇူလိုင် ၆ ရက် နံနက် ၅ နာရီတွင် ကလေးမြို့၊ ပင်လုံရပ်ကွက်နေ ထက်အောင်နိုင် (ခ)
ကိုထက် (၃၆) နှစ်၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား စိတ်ကြွဆေးပြား ၁၀ ပြားနှင့်အတူ
ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ
ယင်းနေ့ နံနက် ၅ နာရီခွဲတွင် ကလေးမြို့ အောင်မြေမာန်ရပ်ကွက် နယ်မြေ (၄) နေ နှင်းအိဖြူ
(ခ) အိဖြူ (ခ) အငယ်မ (၃၄) နှစ်၏ နေအိမ်အား ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ
ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်နေ မေသဇင်မိုး (ခ) ထူကြီး (၃၃) နှစ်၊ ကလေးမြို့
အောင်မင်္ဂလာရပ်ကွက်နေ ရဲလင်း (၂၆) နှစ်နှင့် ညောင်တုန်းမြို့ အမှတ် (၁၀)
ရပ်ကွက်နေ စိုးမိုးနိုင် (၂၂) နှစ်တို့ လေးဦးကို စိတ်ကြွဆေးပြား ၆ ဒသမ ၉
သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ နံနက် ၈ နာရီ တွင်
ကလေးမြို့ စမ်းမြို့ရပ်ကွက် နယ်မြေ (၃) နေ ခင်မောင်ဦး (ခ) ဖက်တီး (၃၆) နှစ်အား
စိတ်ကြွဆေးပြား ၉၉၉၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ ဖမ်းဆီးမှုဖြစ်စဉ်တွင် ၎င်းဒေသတန်ဖိုးငွေကျပ်
၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စုစုပေါင်းစိတ်ကြွဆေးပြား ခုနစ်သိန်းဖမ်းဆီးရမိခဲ့သဖြင့်
ထက်အောင်နိုင် (ခ) ကိုထက်၊ နှင်းအိဖြူ (ခ) အိဖြူ (ခ) အငယ်မ၊ မေသဇင်မိုး (ခ) ထူကြီး၊
ရဲလင်း၊ စိုးမိုးနိုင်နှင့် ခင်မောင်ဦး (ခ) ဖက်တီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment