နေပြည်တော် ဇူလိုင် ၁၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါ အထူးစီးပွားရေးဇုန်ရှိ Lightion Myanmar Co., Ltd. ၏ အီလက်ထရောနစ်ပစ္စည်းများ၊ စပီကာများ၊ ဆားကစ်ဘုတ်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
Guston Amava Co., Ltd. ၏ CMP စနစ်ဖြင့် ပြည်ပပို့ကုန်အထည်ချုပ်စက်ရုံသို့ ရောက်ရှိပြီး
ပို့ကုန်အထည်များ ချုပ်လုပ်နေမှုကိုလည်းကောင်း၊ Showa Glove Myanmar Co., Ltd. ၏ လက်အိတ်အမျိုးမျိုးထုတ်လုပ်သည့်စက်ရုံမှ
ပြည်ပသို့ တင်ပို့ရန် လက်အိတ်များ ချုပ်လုပ် နေမှုကိုလည်းကောင်း၊ Koyorad Co.,
Ltd. ၏ ကားရေတိုင်ကီနှင့် ဆက်စပ်အစိတ်အပိုင်းများ ထုတ်လုပ်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment