Wednesday, July 8, 2026

အားကစားရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

 


နေပြည်တော် ဇူလိုင် ၇

အားကစားရေးရာဝန်ကြီးဌာန၏ မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရိဝုဏ်အတွင်းရှိ ပြေးခုန်ပစ်တာဝေးအားကစားပြိုင်ကွင်းနှင့် ဝဏ္ဏသိဒ္ဓိရေကန်တို့၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးညီညီတို့က စိန်ပန်းပင်များကို ဦးဆောင်စိုက်ပျိုးကြပြီး အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများ၌ အရိပ်ရအပင်များဖြစ်သည့် စိန်ပန်းပင်၊ ခရေပင်၊ ကံ့ကော်ပင်၊ ပိတောက်ပင်၊ ယူကလစ်ပင်၊ ရေတမာပင်၊ စွယ်တော်ပင်စသည့် စုစုပေါင်းအရိပ်ရအပင် ၅၅၅ပင် စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ငါးမျိုးစိုက်ထည့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများက ငါးမြစ်ချင်းသားပေါက် ကောင်ရေ ၅၀၀၀ ကျော်ကို ဝဏ္ဏသိဒ္ဓိရေကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးကြသည်။

သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးများတွင် တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment