ရန်ကုန် ဇူလိုင် ၁၆
သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
အစည်းအဝေးသို့
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ
အမှူးပြုသော နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီဥက္ကဋ္ဌ
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တက္ကသိုလ်ကောင်စီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကောင်စီနာယက
ပါမောက္ခချုပ်ဆရာတော်က သြဝါဒကထာမိန့်ကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏
သင်ကြား/ စီမံရေးရာကိစ္စရပ်များကို လျှောက်ထားပြီး ကောင်စီအတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြရန်ရှိသည့် အမှာစာခုနစ်စောင်ကို တင်ပြလျှောက်ထားသည်။
ယင်းနောက် တက်ရောက်လာကြသူများက
အမှာစာများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment