နေပြည်တော် ဇူလိုင် ၂
ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူးစီစဉ်သည့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန် မြောက်ဘက်သတ်မှတ်နေရာများ၌ ကျင်းပသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က သတ်မှတ်နေရာတွင် ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးကာ တက်ရောက်လာသူများက ဆီသပြေ၊ မဟော်ဂနီ၊ ယူကလစ်၊ ယမနေနှင့် သပြေစသည့် အရိပ်ရနှစ်ရှည်ပင် ၁၅၀ အား စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင်
နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီက ကြီးမှူး၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်သည့် စာတမ်းဖတ်ပွဲသို့
တက်ရောက်သည်။
စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာခင်ဆွေမြင့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာခင်ချစ်ချစ်က “မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်၊ အခွင့်အရေးနှင့် ဥပဒေအရ အကာအကွယ်ပေးမှု” စာတမ်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဆန်းဆုဆုရည်က “ပုလဲရတုမှ ဒစ်ဂျစ်တယ်ခေတ်ဆီသို့ - AI နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်လာမည့် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ”စာတမ်း၊ အမှတ်-၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးမိုးထွန်းက “လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများ အထူးသဖြင့် အမျိုးသမီးများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးရေး” စာတမ်းတို့ကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment