Thursday, July 16, 2026

အသိပေးနှိုးဆော်ချက်

 

၁။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄:၀၀ အချိန်မှ အခမ်းအနားပြီးစီးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံတိုင်လမ်းအား ဓမ္မစေတီ - ရွှေဂုံတိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်း အထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ - ဓမ္မစေတီလမ်းဆုံထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားပါမည်။

၂။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် ၁၉-၇-၂၀၂၆ ရက်နေ့ ၀၅:၀၀ အချိန်မှ ၁၈:၀၀ အချိန်အထိ နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းဆုံနှင့် စောမဟာ လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှ လည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားပါမည်။

၃။ အတွင်းဝန်ရုံးတွင် အလံတင်အခမ်းအနားကျင်းပမည့် ၁၉-၇-၂၀၂၆ ရက်နေ့ ၀၅:၀၀ အချိန်မှ ၁၈:၀၀ အချိန်အထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံထိလည်းကောင်း၊ အနော်ရထာ လမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက် သွားပါမည်။

၄။ သို့ဖြစ်ပါ၍ ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနား ကျင်းပစဉ် လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်နေသည့်အချိန်များ တွင် အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်သွားလာကြပါရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

No comments:

Post a Comment