Thursday, July 2, 2026

ဒုတိယဝန်ကြီး ဦးမျိုးမြင့် တီးတိန်မြို့ စည်ပင်သာယာဈေးများ သွားရောက်ကြည့်ရှု



နေပြည်တော် ဇူလိုင် ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန် ၂၉ ရက်တွင် တီးတိန် မြို့ စည်ပင်သာယာဈေး (မြို့မ) တွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုနှင့် စကောလမ်းရပ်ကွက် စည်ပင်သာယာဈေးတွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် တီးတိန်မြို့နယ် ရှောင်စောန်းစံပြကျေးရွာ၌ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံပြီး ကျောင်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက လမင်းစီမံချက်ဖြင့် ရှောင် စောန်းစံပြကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment