Tuesday, July 7, 2026

ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



နေပြည်တော် ဇူလိုင် ၆

ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအနီး၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

သစ်ပင် စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်၊ အမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ တာဝန် ရှိသူများနှင့်အတူ သတ်မှတ်နေရာများ၌ ပျိုးပင်များကို ဦးဆောင် စိုက်ပျိုးပေးပြီး တပ်ဖွဲ့ဝင်ဝန်ထမ်း များက ပျိုးပင်များကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂၇၀၊ ဂျပန်ချယ်ရီပင် ၁၀၀၊ ပိတောက် ၁၅၄ ပင်၊ ငုဝါ ၁၆၁ ပင်၊ စိန်ပန်း ၁၆၃ ပင်၊ ခရေ ၁၉၂ ပင် စုစုပေါင်းပျိုးပင် ၁၀၄၀ ကို စိုက်ပျိုးခဲ့ပြီး ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၁၂၇ ပင်၊ ပျဉ်းကတိုးပင် ၂၀၀၊ ဂျပန်ချယ်ရီ ၇၆ ပင်၊ ပိတောက် ၂၁၈ ပင်၊ ငုဝါ ၁၁၈ ပင်၊ စိန်ပန်း ၁၆၁ ပင်၊ ခရေပင် ၂၀၀ စုစုပေါင်းပျိုးပင် ၁၁၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment