နေပြည်တော် ဇူလိုင် ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင် ၄ ရက်က ဖလမ်း- ဟားခါး လမ်းပိုင်းအခြေအနေကို လှည့်လည်ကြည့်ရှုပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင် ရေးအတွက် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လျာထားချက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌
ကျင်းပသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်
ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့များရှိ
ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊
ပရိဘောဂများ၊ စက်ပစ္စည်းများနှင့် ပြည်သူများ၏ အဆောက်အအုံများကို ပျက်စီးမှုအမျိုးအစားအလိုက်
ဦးစားပေးအစီအစဉ်ဖြင့် ပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများနှင့်
ဌာနဆိုင်ရာဝန်ထမ်းများအား နိုင်ငံတော်မှပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို
ပေးအပ်လျက်ရှိကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်
တည်ဆောက်ရေးလုပ်ငန်းကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြီးကြပ်ဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း
ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက
ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု
တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား
အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသ တည်ငြိမ်အေးချမ်းရေးသည်
အဓိကအရေးကြီးသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊
မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်
မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment