Tuesday, July 7, 2026

၂၀၂၆ ခုနှစ် ကာယပညာနှင့်အားကစားနည်းပြ (မွမ်းမံ) သင်တန်း အမှတ်စဉ် (၃) ဖွင့်လှစ်



နေပြည်တော် ဇူလိုင် ၆

၂၀၂၆ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ) သင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ဦးရဲမြင့်ထွန်း၊ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်၊ အားကစားအဖွဲ့ချုပ်များမှ နည်းပြများ၊ သင်တန်းသား ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါ ၂၀၂၆ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ) သင်တန်းအမှတ်စဉ် (၃) ကို ဇူလိုင် ၁ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်၍ နည်းပြများက စနစ် တကျ လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ ၃၀၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment