Tuesday, July 28, 2026

မြန်မာ-နီပေါ နှစ်နိုင်ငံအကြား သာသနာရေးဆိုင်ရာများ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး


 

နေပြည်တော် ဇူလိုင် ၂၇

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၁) ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြန်လည်ပြင်ဆင်

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား သာသနာရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ကူညီကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့မှု၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးဝင်း အတွင်းရှိ ပျက်စီးခဲ့သည့် ကျောက်စာတိုက်များအား နှစ်နိုင်ငံပူးပေါင်းပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ပြန်လည်ပြင်ဆင်ပြီးစီးမှုနှင့် ကျောက်စာတိုက်ဖွင့်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment