ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ် ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံ၌ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့မီးရထား
အထွေထွေမန်နေဂျာ (မြို့ပြ)က ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ) အား ပြန်လည်လည်ပတ်နိုင်ရေးအတွက်
လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး၊ သီပေါမြို့နယ်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) နှင့် ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့က
ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးက ကွန်ကရစ်ဇလီဖားစက်ရုံ
(သီပေါ) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ စက်ရုံအတွင်း ကွန်ကရစ်ဇလီဖားတုံးများ
ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မန္တလေး-လားရှိုးရထားလမ်းပိုင်း
အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်လျက်ရှိသည့် ကွန်ကရစ်ဇလီဖားများအား မန္တလေး-လားရှိုးရထား
လမ်းပိုင်းတွင် အသုံးပြု၍ ပြန်လည်ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ ရထားများပြန်လည်ပြေးဆွဲလျှင်
ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်မည်ဖြစ်ပြီး ဒေသထွက် ကုန်ပစ္စည်းများအား
ကုန်ကျစရိတ်သက်သာစွာဖြင့် များများနှင့်မြန်မြန် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment