ရန်ကုန် ဇူလိုင် ၁၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် တရားမဝင်နည်းဖြင့် လျှပ်စစ်ဓာတ်အားရယူ သုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇူလိုင် ၁၃ ရက်တွင် ဝါးနက်ချောင်းကျေးရွာရှိ မီတာအမည်ပေါက် ဦးစန်းဦး၏ကော်စေ့လုပ်ငန်းတွင် အသုံးပြုထားသော Transformer နှင့် တွဲဖက် တပ်ဆင်ထားသည့် Digital Meter ၏ Cover Seal ပြုပြင်ထားပြီး လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် မီတာအား ချက်ချင်းဖြုတ်သိမ်းခဲ့သည်။
ယင်းသို့ ခိုးယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အားယူနစ် လေးသိန်းလေးသောင်းကျော် နစ်နာဆုံးရှုံးခဲ့ရပြီး လျော်ကြေး၊ ဒဏ်ကြေး ငွေကျပ် (၃၀၁၈၉၃၅၇၅) (ကျပ်သုံးရာ့တစ်သန်းရှစ်သိန်းကိုးသောင်း သုံးထောင် ငါးရာ ခုနစ်ဆယ့်ငါးကျပ်တိတိ) အား ပေးဆောင်စေမည်ဖြစ်သည့်အပြင် လျှပ်စစ်ဥပဒေအရ (၆) လဓာတ်အားပေးခြင်းအား ရပ်ဆိုင်းသွားမည်ဖြစ်ပြီး လျော်ကြေး၊ ဒဏ်ကြေး ငွေအား ၁၄ ရက်အတွင်း မသွင်းပါက လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်သည်။
လျှပ်စစ်ဓာတ်အားခိုးယူအသုံးပြုမှုများကို Control Center များမှ စောင့်ကြည့် စစ်ဆေးဖော်ထုတ်နိုင်ခြင်းနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ ထူးကဲစွာတိုးမြင့်ရရှိလာသည့်အတွက် ပိုမိုဖော်ထုတ်လာနိုင်ခြင်းတို့သည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် များစွာအထောက်အပံ့ဖြစ်စေလျက်ရှိရာ ပြည်သူများအနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားသည်။
သတင်းစဉ်

No comments:
Post a Comment