နေပြည်တော် ဇူလိုင် ၁၆
ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မိမိတို့ကော်မတီအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်းပြီး
လွှတ်တော်တွင် ဖြေကြားထားသည့် ကတိကဝတ်ဖြစ်ထားသော လုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေ၊
ဆောင်ရွက်နေဆဲအခြေအနေနှင့် ကျန်ရှိနေသည့်လုပ်ငန်းများကို မှတ်တမ်းတင်ထားရှိသွားမည်ဖြစ်ပြီး
လွှတ်တော်သို့ ပြန်လည်အစီရင်ခံစာ တင်သွင်းသွားရေး ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ယခုအစည်းအဝေးကို
ခေါ်ယူကျင်းပရခြင်းဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ တာဝန်ခံများက ရင်းရင်းနှီးနှီး
ပွင့်ပွင့်လင်းလင်းဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနများက
လွှတ်တော်အစည်းအဝေးများအတွင်း တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊
ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆောင်ရွက်ရန် ကျန်ရှိနေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ
ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များကို
ပြန်လည်သုံးသပ် အကြံပြုဆွေးနွေးကြသည်။
အစည်းအဝေးသို့
ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန
၁၆ ခုမှ တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment