Thursday, July 16, 2026

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ (၄၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပ

 

နေပြည်တော် ဇူလိုင် ၁၅

ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်း၏ (၄၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့တွင် မိတ္ထီလာမြို့အောင်ဆန်းခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက တစ်နှစ်ပတ်လုံး ခွင့်မယူပြစ်မှုကင်းရှင်းဆု၊ ဌာနခွဲအကောင်းဆုံးဆု၊ တစ်ဦးချင်းလုပ်ငန်းစွမ်းဆောင်ရည်ဆုနှင့် G-12 အောင်မြင်သူများနှင့် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျောင်းတွင် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ မော်တော်ယာဉ် သရုပ်ပြဆောင်၊ ရထားသရုပ်ပြဆောင်ရှိ သင်ထောက်ကူပစ္စည်းများ စစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment