Monday, June 8, 2026

လာအိုပြည်သူ့တပ်မတော်၏ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲဖြစ်သူ Major General Vanthong BOUTTAVONG ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ

 


နေပြည်တော် ဇွန် ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် လာအိုပြည်သူ့တပ်မတော်၏ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲဖြစ်သူ Major General Vanthong BOUTTAVONG ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၂ ရက်ထိ ၅ ရက်ကြာနေထိုင်၍ မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment