နေပြည်တော် ဇွန် ၅
(၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေး (Plenary Session) ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးသို့
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Η.Ε. Mr. Vladimir Putin ၊ ဥဇဘက်ကစ္စတန် သမ္မတ H.E. Mr. Shavkat
Mirziyoyev ၊ တန်ဇန်းနီးယားနိုင်ငံ သမ္မတ H.E. Mrs. Samia Suluhu hassan ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ဒုတိယသမ္မတ H.E. Mr. Han Zeng ၊ ဖိတ်ကြားထားသည့် နိုင်ငံများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊
စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Putin က မိန့်ခွန်းပြောကြားကာ ဖိုရမ်၏
ဆွေးနွေးမှုကို ဦးဆောင်ဆွေးနွေးသည်။
နံနက်ပိုင်းကလည်း
ဒုတိယသမ္မတ ဦးညိုစောသည် ရုရှား - အာဆီယံ စီးပွားရေးကောင်စီ (Russia-ASEAN Business
Council) ဥက္ကဋ္ဌ Mr. Ivan Viktorovich Polyakov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အဆိုပါစင်တာ၌
လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှား - အာဆီယံ စီးပွားရေးကောင်စီတို့အကြား ဆက်ဆံရေးပိုမိုခိုင်မာစေရန်၊
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့ အပါအဝင် ကဏ္ဍစုံ ကျယ်ပြန့်စွာ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ထားဝယ်ရေနက်ဆိပ်ကမ်း
ဓာတ်အားပေးစက်ရုံဆိုင်ရာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ
Inter RAO ကုမ္ပဏီနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလိမိတက်တို့မှ
တာဝန်ရှိသူများက ဒုတိယသမ္မတနှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့၏
ရှေ့မှောက်တွင် လက်မှတ်များ ရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ကြသည်။
ယမန်နေ့ကလည်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား
ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ
ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှု ငွေကြေးရန်ပုံငွေအဖွဲ့ (Fund
RC-Investments) တို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ
(MoC) များကို တာဝန်ရှိသူများက လက်မှတ်များရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန်
လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


No comments:
Post a Comment